Print

ဟော်မုန်းနှင့် အသားအရေ ဆက်စပ်မှု

  03-Aug-2017
Preview Image


ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမသားတစ်ဦးရဲ့ ဟော်မုန်းအထွက်များသောကြောင့် အရေပြားမှာ အပြောင်းအလဲများဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလမှာ အောက်စီဂျင်ရရှိမှုများပြားတဲ့အတွက် အသားအရောင်ဟာ ပန်းရောင်သွေးကြွနေတတ်ပြီး ဟော်မုန်းဓာတ် မငြိမ်တဲ့အချိန်မို့ ဓာတ်မတည့်မှုတွေလည်းဖြစ်တတ်ပါတယ်။ နောက်ပြီး ပုံမှန် အသားလှဆီတွေ လိမ်းတဲ့ကြားထဲမှာမှ အသားအရေ ခြောက်တာ၊ ဝက်ခြံထွက်တာ၊ အဖုအပိမ့်ထွက်တာ၊ ဓာတ်မတည့်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နေလောင်ကာ လိမ်းဆေးတွေ ဂရုတစိုက်လိမ်းဖို့ လိုအပ်ပါတယ်။ ဗီတာမင်ဖြည့်စွက် ဆေးဝါးတွေ၊ ဗီတာမင်အီးနဲ့ သွပ်ဓာတ် ( Zinc ) တွေက အကြောပြတ်တာ ( Stretch marks ) တွေကို ပြေလျော့သွားစေနိုင်ပြီး ဗီတာမင်စီကတော့ ကော်လာဂျင် (collagen) ထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။


ဒါပေမယ့် သတိထားဖို့ကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ မိမိသဘောနဲ့ မဟုတ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားချက်အရ ဆေးဝါးတွေကို သောက်သင့်ပါတယ်။ သန္ဓေတားဆေးတွေသောက်တာကလည်း အရေပြားမှာ ပြဿနာရှိစေပါတယ်။တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပုံချင်း မတူပေမယ့်လည်း များသောအားဖြင့် သေသေချာချာ ဂရုမစိုက်ခဲ့ရင် နေရောင်နဲ့ ဓာတ်မတည့်ဘဲ အရေပြားအရောင်အသွေး မမှန်တာ၊ အညိုအမည်းစွဲတာမျိုးတွေ ဖြစ်လာတတ်သလို အသားအရေပိုပြီး အဆီပြန်လာတာနဲ့ ရေဓာတ်ခန်းခြောက်တာမျိုးတွေပါ ဖြစ်လာတတ်ပါသေးတယ်။


Credit:

ကိုးကား - အသားအရေစိုပြည်လှပစေမယ့် နည်းလမ်းကောင်းများ ( နန်းအိအိဇာ )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18